1. “123XPLOR” ဆိုတာဘာလဲ?
- “123XPLOR”ဆိုတာကမ္ဘာ့အထင်ကရနိုင်ငံကြီးမြို့ကြီးများ၏ယဉ်ကျေးမှုအမွေအနှစ်များနှင့်
သမိုင်းကြောင်းများကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သွားရောက်လေ့လာနိုင်ပြီး Atom အသုံးပြုသောသူများသာ ကစားနိုင်သော ဂိမ်းအစီအစဉ်ဖြစ်သည်။ Customer များအနေဖြင့်လည်း Application ကို Download လုပ်စရာမလိုဘဲအလွယ်တကူဝင်ရောက်ကစားနိုင်ပါသည်။
2. “123XPLOR” ဝန်ဆောင်မှုကိုမည်သို့ရယူနိုင်မည်နည်း? - Atom အသုံးပြုသူများသည် “123XPLOR” ဝန်ဆောင်မှုကိုရရှိရန် URL: https://cla.123xpl.com/ မှတဆင့်တိုက်ရိုက်ဝင်ရောက်၍ register ပြုလုပ်ပြီး ညွှန်ကြားချက်များကို လိုက်နာကာ ဝန်ဆောင်မှုကိုရယူနိုင်ပါပြီ။ ( WiFi နှင့် Mobile Data နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်ပါသည်။)
3. “123XPLOR” service ရဲ့ဝန်ဆောင်ခဘယ်လောက်လဲ? “123xplor”ဝန်ဆောင်မှုကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်ပြီးအသုံးပြုသူအနေနဲ့တစ်ရက်စာဝန်ဆောင်မှု(၁၄၉)ကျပ်|တစ်ပတ်စာဝန်ဆောင်မှု(၅၄၉)ကျပ်(အခွန်ငွေပါပြီး) သာကျသင့်မှာဖြစ်ပြီး ဗဟုသုတရစေမည့် မြို့ကြီးများအကြောင်းဖြစ်သော ခရီးသွား ဂိမ်းကို ကစားနိုင်ပါသည်။
4. “123XPLOR” ကိုမည်သို့ကစားရမည်နည်း။
- URL-https://cla.123xpl.com/ သို့ဝင်ရောက်ပြီး မေးခွန်းများဖြေဆိုကာ အမှတ်များနှင့် အဆင့်သတ်မှတ်ချက်များတိုးပွားရန်ကစားနိုင်ပါသည်။ ဝန်ဆောင်မှုကို ရယူပြီးနောက် အသုံးပြုသူသည် အလိုအလျောက် အမှတ် (၅၀) ရရှိမည်ဖြစ်ပါသည်။
- အသုံးပြုသူသည် content တစ်ခုလျှင် မေးခွန်း (၅) ခုဖြေဆိုနိုင်ပြီး တစ်ပတ်စာဝန်ဆောင်မှုဖြစ်သောကြောင့် content (၇) ခုရရှိပြီး မေးခွန်း ပေါင်း (၃၅) ခုဖြေဆိုနိုင်မည်ဖြစ်ပါသည်။
- အသုံးပြုသူများ ပိုမိုကစားနိုင်ရန်နေ့စဉ် service သို့ စတင်ဝင်ရောက်ပြီးတိုင်း အမှတ်(၂၀) ရရှိမည်ဖြစ်ပါသည်။ တစ်နေ့လျှင် အများဆုံး အမှတ်(၂၀) သာရရှိမည်ဖြစ်ပါသည်။
- ရမှတ်များများရလေ ထိပ်ဆုံး (၁၀၀)ယောက် အတွင်းပါနိုင်မှာဖြစ်ပြီး ဆုရရှိနိုင်ဖို့အခွင့်အရေးများလေဖြစ်ပါသည်။
-ရမှတ်များနှင့်အဆင့်သတ်မှတ်ချက်များကို Ranking Page တွင်ပြသပေးမည်ဖြစ်သည်။အမှတ်အများဆုံးရသူသည် Wonderful prizes ကိုရရှိနိုင်မည်ဖြစ်သည်။
5. အသုံးပြုသူသည် ဝန်ဆောင်မှုအားမိမိဖုန်းမှ ပယ်ဖျက်ပြီး နောက်တကြိမ်ပြန်လည်ရယူပါကအရင်အမှတ်များနှင့်
ပေါင်းသွားမည်လား?
- လချင်းတူပါက အမှတ်များ ပြန်လည်ပေါင်းသွားမည်ဖြစ်ပါသည်။ (မှတ်ချက်- လတစ်လအတွင်းသာ)
6. ရမှတ်များအားမည်သို့ သတ်မှတ်ပေးထားသနည်း။
-အဖွဲ့ဝင်ကြေးသွင်းပြီးနောက် အသုံးပြုသူသည် Contentတစ်ခုနှင့် မေးခွန်း (၅) ခု ရရှိမည်ဖြစ်ပြီး အမှတ်(၅၀) ကိုအလိုအလျောက်ရရှိမည်ဖြစ်ပါသည်။ အသုံးပြုသူသည် စတင်ကစားချိန်တွင် အမှတ် ( ၂၀)ထပ်မံရရှိပါမည်။
အသုံးပြုသူများသည် အောက်ပါအတိုင်းအမှတ်များ တွက်ချက်နိုင်ပါသည်။
မေးခွန်း(1)ခုကို မှန်ကန်စွာဖြေဆိုနိုင်လျှင် (10) မှတ်၊
မေးခွန်း(2)ခုကို မှန်ကန်စွာဖြေဆိုနိုင်လျှင် (20) မှတ်၊
မေးခွန်း(3)ခုကို မှန်ကန်စွာဖြေဆိုနိုင်လျှင် (30) မှတ်၊
မေးခွန်း(4)ခုကို မှန်ကန်စွာဖြေဆိုနိုင်လျှင် (40) မှတ်၊
မေးခွန်း(5)ခုကို မှန်ကန်စွာဖြေဆိုနိုင်လျှင် (၅၀) မှတ် ။
7. အဆင့်သတ်မှတ်ချက်များမှာ အဘယ်နည်း။
- ရမှတ်အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ စီထားပြီး အမှတ်အများဆုံးသူသည် အမြင့်ဆုံးတွင် ရှိနေမည်ဖြစ်သည်။
- အသုံးပြုသူများအမှတ်ရရှိမှုတူနေပါက ကျွန်ုပ်တို့ဘက်မှ အချိန်ကိုစစ်ဆေးမည်ဖြစ်ပြီးအစောဆုံးရသူသာလျှင် အမြင့်ဆုံးရောက်သူဟုသတ်မှတ်ပါမည်။
8. လစဉ် မည်သည့် အချိန်တွင် အမှတ်အများဆုံးPlayersများ အား မည်သို့ရွေးချယ်ရမည်နည်း။
၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ အထိ ပရိုမိုးရှင်းကာလ ၃ လ အတွင်း ဆုပေးမည့်အစီအစဉ် (၃)ကြိမ်ပြုလုပ်မည် ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုအောက်တွင်ဖော်ပြ ထားပါသည်။
- ပထမအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဆုရရှိသူများကိုစီစစ်ရွေးချယ်၍ ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
-ဒုတိယအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၄ခုနှစ်ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဆုရရှိသူများကို
စီစစ်ရွေးချယ်၍ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
-တတိယအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၅ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဆုရရှိသူများကိုစီစစ်ရွေးချယ်၍ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
- အနိုင်ရရှိသူများအား အနိုင်ရရှိကြောင်းအကြောင်းကြားပြီး တစ်ပတ်အတွင်း ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။
မှတ်ချက် - လ တစ်လ ၏ ၁ရက်နေ့မှ စပြီး ရှေ့လမှ ရရှိထားသော အမှတ်များကို ဖြတ်သွားမည်ဖြစ်ပြီး အစ (သုည) မှ
ပြန်လည်ရေတွက်သွားမည်ဖြစ်သည်။
9. မည်သည့်ဆုများရရှိမည်နည်း။
- Claro Mobile Service Ltd မှ ပရိုမိုးရှင်းကာလ သုံးလအတွင်း လစဉ် ဆုများချီးမြှင့်မည်ဖြစ်ပြီး အသုံးပြုသူများသည် ပရိုမိုးရှင်းကာလအတွင်း 123xplor ဝန်ဆောင်မှုကို ရယူထားရပါမည်။ လစဉ် ပေးမည့် ဆုများမှာ အောက်ပါအတိုင်းဖြစ်သည်။
ငွေသားဆု (၁၀) သိန်းကျပ် - ၁ ဆု
ငွေသားဆု (၇) သိန်းကျပ် - ၁ ဆု
ငွေဖြည့်ကဒ် (၅၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၄၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၃၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၂၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၁၀,၀၀၀) ကျပ်
မှတ်ချက် - ဆုများသည် စျေးကွက်အတွင်းရရှိနိုင်မှုအပေါ်မူတည်မည်ဖြစ်ပြီး၊ Claro Mobile Service Ltd မှ ဆုများကိုပြောင်းလဲရန်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
10. ဝန်ဆောင်မှုအားမည်သို့ရပ်တန့်ရမည်နည်း?
- အသုံးပြုသူသည်ဝန်ဆောင်မှုအားရပ်တန့်လိုလျှင် *979*3*2# ကို ခေါ်ဆို၍လည်းကောင်း (သို့မဟုတ်)
http://cla.123xpl.com/login ကိုဝင်၍လည်းကောင်းဝန်ဆောင်မှုကိုပယ်ဖျက်နိုင်ပါသည်။
11. အသေးစိတ်သိရှိလိုပါကမည်သို့ဆက်သွယ်မေးမြန်းနိုင်သနည်း?
- ကျွန်ုပ်တို့၏Websiteပေါ်မှမေးလေ့မေးထရှိသောမေးခွန်းများတွင်သင်မေးလိုသောမေးခွန်းရှိပါကကျွန်ုပ်တို့၏ Call center သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ခေါ်ဆိုရန်ဖုန်းနံပါတ်များ - ၀၉၇၅၃၉၁၄၄၂၂
ဝက်ဘ်ဆိုဒ် လင့်ခ် - http://cla.123xpl.com/login