‘ 123xplor ’ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာစည်းကမ်းချက်များ

၁။ ဝန်ဆောင်မှု - “123xplor” ဝန်ဆောင်မှုသည် ဝန်ဆောင်မှုလင့်ခ် https://cla.123xpl.com/ သို့ဝင်ရောက်ပြီး တစ်နှစ်စာ ရယူပြီးလျှင် တစ်ရက်စာဝန်ဆောင်မှု(၁၄၉)ကျပ်ညတစ်ပတ်စာဝန်ဆောင်မှု(၅၄၉)ကျပ် (အခွန်ပါပြီး) ကို အလိုအလျောက်သက်တမ်းတိုးစနစ်ဖြင့်ကောက်ခံသော ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ ပါဝင်ကံစမ်းရမည့်နည်းလမ်း - အသုံးပြုမှုကိုသုံးစွဲသူမှမပယ်ဖျက်မချင်းဝန်ဆောင်မှုကို တစ်နှစ်အတွင်း မိမိဝယ်ယူထားသောဝန်ဆောင်မှုအလိုက်တစ်ရက်လျှင် (၁၄၉)ကျပ်|တစ်ပတ်လျှင် (၅၄၉)ကျပ် (အခွန်ပါပြီး) ကျသင့်ငွေကို အလိုအလျောက်သက်တမ်းတိုးစနစ်ဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- 123xplor ဝန်ဆောင်မှုကိုရယူလိုပါက https://cla.123xpl.com/ ကိုဝင်ရောက်၍ ညွှန်ကြားချက်များအတိုင်းဝန်ဆောင်မှုရယူနိုင်ပါသည်။
- အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် ကျွန်ုပ်တို့၏ လိုက်နာရန်စည်းကမ်းချက်များ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိရမည်ဖြစ်ပါသည်။

၃။ ဝန်ဆောင်မှု အခြေအနေ - “123xplor” ဝန်ဆောင်မှုသည်Atom Operator အသုံးပြုသူများအတွက်သာဖြစ်ပါသည်။

၄။ ဝန်ဆောင်မှု ပုံစံ - အောင်မြင်စွာ စာရင်းသွင်းပြီးနောက် အသုံးပြုသူများသည် Content တစ်ခု၊ မေးခွန်း (၅) ခု ကိုဖြေဆိုနိုင်မည်ဖြစ်ပါသည်။
- တစ်ပတ်စာဝန်ဆောင်မှုဖြစ်သောကြောင့် content (၇)ခုရရှိပြီး မေးခွန်း ပေါင်း (၃၅) ခုဖြေဆိုနိုင်မည်ဖြစ်ပါသည်။
- အသုံးပြုသူများ ပိုမိုကစားနိုင်ရန်နေ့စဉ် service သို့ စတင်ဝင်ရောက်ပြီးတိုင်း အမှတ်(၂၀) ရရှိမည်ဖြစ်ပါသည်။ တစ်နေ့လျှင် အများဆုံး အမှတ်(၂၀) သာရရှိမည်ဖြစ်ပါသည်။
- ရမှတ်များများရလေ ထိပ်ဆုံး (၁၀၀)ယောက် အတွင်းပါနိုင်မှာဖြစ်ပြီး ဆုရရှိနိုင်ဖို့အခွင့်အရေးများလေဖြစ်ပါသည်။
- ရမှတ်များနှင့်အဆင့်သတ်မှတ်ချက်များကို Ranking Page တွင်ပြသပေးမည်ဖြစ်သည်။အမှတ်အများဆုံးရသူသည် Wonderful prizes ကိုရရှိနိုင်မည်ဖြစ်သည်။
- အသုံးပြုသူသည် ဝန်ဆောင်မှုအားမိမိဖုန်းမှ ပယ်ဖျက်ပြီး နောက်တစ်ကြိမ်ပြန်လည်ရယူပါက လ ချင်းတူပါက အရင်အမှတ်များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။ (မှတ်ချက် - လ တစ်လအတွင်းသာ)

၅။ အနိုင်ရရှိသူများရွေးချယ်ခြင်းနှင့်အကြောင်းကြားခြင်း - ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ အထိ ပရိုမိုးရှင်းကာလ ၃ လ အတွင်း ဆုပေးမည့်အစီအစဉ် (၃)ကြိမ်ပြုလုပ်မည် ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုအောက်တွင်ဖော်ပြ ထားပါသည်။
- ပထမအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဆုရရှိသူများကိုစီစစ်ရွေးချယ်၍ ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
-ဒုတိယအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၄ခုနှစ်ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဆုရရှိသူများကို စီစစ်ရွေးချယ်၍ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
-တတိယအကြိမ်ဆုပေးမည့်အစီအစဉ် သည် (၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ည၁၂နာရီ ထိ)ဖြစ်ပါသည်။ ၂၀၂၅ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဆုရရှိသူများကိုစီစစ်ရွေးချယ်၍ကျွန်ုပ်တို့ဘက်မှအနိုင်ရရှိသူများကိုဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
- အနိုင်ရရှိသူများအား အနိုင်ရရှိကြောင်းအကြောင်းကြားပြီး တစ်ပတ်အတွင်း ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။ မှတ်ချက် - လ တစ်လ ၏ ၁ရက်နေ့မှ စပြီး ရှေ့လမှ ရရှိထားသော အမှတ်များကို ဖြတ်သွားမည်ဖြစ်ပြီး အစ (သုည) မှ ပြန်လည်ရေတွက်သွားမည်ဖြစ်သည်။

၆။ ချီးမြှင့်မည့်ဆု(များ) - Claro Mobile Service Ltd မှ ပရိုမိုးရှင်းကာလ သုံးလအတွင်း လစဉ် ဆုများချီးမြှင့်မည်ဖြစ်ပြီး အသုံးပြုသူများသည် ပရိုမိုးရှင်းကာလအတွင်း 123xplor ဝန်ဆောင်မှုကို ရယူထားရပါမည်။ လစဉ် ပေးမည့် ဆုများမှာ အောက်ပါအတိုင်းဖြစ်သည်။
ငွေသားဆု (၁၀) သိန်းကျပ် - ၁ ဆု
ငွေသားဆု (၇) သိန်းကျပ် - ၁ ဆု
ငွေဖြည့်ကဒ် (၅၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၄၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၃၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၂၀,၀၀၀) ကျပ်
ငွေဖြည့်ကဒ် (၁၀,၀၀၀) ကျပ်
မှတ်ချက် - ဆုများသည် စျေးကွက်အတွင်းရရှိနိုင်မှုအပေါ်မူတည်မည်ဖြစ်ပြီး၊ Claro Mobile Service Ltd မှ ဆုများကိုပြောင်းလဲရန်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

၇။ ကံထူးရှင် ရွေးချယ်ခြင်း အနိုင်ရသူများကို အသုံးပြုသူများ၏ ရောက်ရှိနေသောအဆင့်များဖြင့်ရွေးချယ်မည် ဖြစ်ပါသည်။
- ရမှတ်အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ စီထားပြီး အမှတ်အများဆုံးသူသည် အမြင့်ဆုံးတွင်ရှိနေမည် ဖြစ်သည်။
- အသုံးပြုသူများအမှတ်ရရှိမှုတူနေပါက ကျွန်ုပ်တို့ဘက်မှအချိန်ကိုစစ်ဆေးမည်ဖြစ်ပြီး အစောဆုံးရသူသာလျှင်အမြင့်ဆုံးရောက်သူဟုသတ်မှတ်ပါမည်။
- အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာရှိလာပါကAtom နှင့် Claro Mobile တို့၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။
၈။ အနိုင်ရရှိသောဆုအား အသုံးပြုခံစားခြင်း
- ကံထူးဆုများအားလုံးအားလဲလှယ်ခြင်း၊လွှဲပြောင်းပေးအပ်ခြင်း၊လွှဲအပ်ခြင်း(သို့မဟုတ်) ငွေကြေးအဖြစ်ပြောင်းလဲခြင်းတို့ပြုလုပ်၍မရပါ။
- အတည်ပြုပြီးဖြစ်သောအနိုင်ရရှိသူများတွင်လိုအပ်သောစာရွက်စာတမ်းအားလုံးအပါအဝင်ဖြစ်သော်လည်း၎င်းတို့သာဟုကန့်သတ်မထားသည့်အမျိုးသားမှတ်ပုံတင်ကဒ်ပြားရှိရမည်။

၉။ ကံထူးရှင်အားစည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်းဆုံးဖြတ်ခြင်း - Claro Mobile သည်ပါဝင်ကံစမ်းသူတစ်ဦးအားကြိုတင်၍အကြောင်းမကြားဘဲသို့မဟုတ်
အကြောင်းပြချက်တစ်ခုခုပေးရန်မလိုအပ်ဘဲပုံမှန်မဟုတ်သောသို့မဟုတ်သံသယဖြစ်ဖွယ်
ဆောင်ရွက်မှုတစ်ခုခုဆောင်ရွက်နေကြောင်းသို့မဟုတ်၎င်းနှင့်ဆက်စပ်မှုရှိကြောင်းသံသယ
ရှိပါကထိုပါဝင်ကစားသူအားစည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်းဆုံးဖြတ်ပိုင်ခွင့်ရှိသည်။